ဒီနေ့ နည်းနည်းအားတာနဲ့ cmd အကြောင်းဆက်တင်ထားလိုက်ပါတယ်။ အကြောင်းကတော့ CMD ကိုသုံးပြီး File ကိုဘယ်လိုဖွဲ့ထားမလဲပေါ့။ အဲ့ဒါကတော့လွယ်လွယ်လေးပါ။ ပထမဆုံး Start Menu ထဲက Run ကိုသွားလိုက်ပါ။ ပြီးတော့ CMD ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ အဲ့ဒါဆိုရင် Command တစ်ခုကျလာပါလိမ့်မယ်။ ကိုယ်သိမ်းထားမဲ့ဖိုက်ကိုတော့ ကိုယ့်ရဲ့ D: drive သို့ E: drive စသည်မှာသိမ်းထားပါ။

အဲ့ဒီကျလာတဲ့ command ထဲကို cd \ ရိုက်ထည့်ပြီး Enter ခေါက်ပါ။ တကယ်လို့ကိုယ့်ဖွဲ့ထားချင်တဲ့ File ကို D: မှာထားထားရင် D: လို့ရိုက်ထည့်ပြိး Enter ထပ်ခေါက်ပါ။ ပြီးတော့ ဒီစာသားကိုရိုက်ထည့်ပါ။ attrib +r +s +a +h "File" File ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့ Folder နာမည်ကိုရိုက်ထည့်ရမှာဖြစ်ပါတယ်။ ပြီးတော့ Enter ခေါက်လိုက်ပါ။ အဲ့ဒါဆိုရင် D: ထဲမှာရှိတဲ့ File ဆိုတဲ့ Folder ပျောက်သွားတာကို မြင်တွေ့ရပါလိမ့်မယ်။



ကိုယ်ဖွဲ့ထားတဲ့ဖိုင်ကို ပြန်ပေါ်စေချင်ရင်တော့ ခုဏက attrib +r +s +a +h "file" နေရာမှာ ဒီလိုအစားသွားလိုက်ပါ။ attrib -r -s -a -h "file" အဲ့ဒါဆိုရင် ကိုယ်ဖွဲ့ထားတဲ့ဖိုင်ပြန်ပေါ်လာပါလိမ့်မယ်။
0 comments:
Post a Comment